lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu uncle suns – diary

Loading...

မင်းနဲ့အတူအိမ်ပြန်ချင်လို့အမေ့ကိုတောင်မှကျောင်းလာမကြိုခိုင်းဘူး
ကျောင်းနေပျော်
စာမတော်လည်းမင်းကိုတွေ့ရလို့ပျော်ပါတယ်

ဝဲကျလာတဲ့ဆံပင်စလေးတွေက
တစ်နေ့တာကိုပိုရှည်စေတယ်
တစ်ခြားကောင်သူ့ချိုင့်ဆွဲပြန်သွားတော့
မပျော်တော့ပါဘူးမေမေရယ်

မျက်စိမှိတ်ရင်ဘာမြင်လဲအဲ့တာမင်းမရှိတဲ့ငါ့ဘဝပဲ
မင်းကသာကမ္ဘာအပြားကြီးဆို
င့ါရဲ့ကမ္ဘာဟာပြားပါတယ်
မင်းကိုပိုင်ဖို့ကအတန်းတင်စာမေးပွဲအောင်ဖို့ထက်အရေးကြီးတယ်
ကောင်းကင်နဲ့ငရဲဘယ်သွားမလည်းဆို
မင်းဘယ်မှာရှိလည်းမေးမိမယ်
ဟာသတွေပြောချင်လည်းလူရွှင်တော်ငါမဟုတ်ခဲ့ဘူး
ဒါကြောင့်မင်းကိုရယ်အောင်လုပ်နိုင်တဲ့သူဟာလည်းငါမဟုတ်ခဲ့ဘူး
ငရဲကျမှာကြောက်သေးတော့ငါဘုရားသခင်ကိုလည်းအပြစ်မတင်ရဲ
တစ်ချို့သောအထီးကျန်ညတွေဆိုမင်းရဲ့တေးဆိုငှက်လေးဖြစ်ချင်တယ်
တနင်္ဂလာမှာစံပယ် အင်္ဂါမှာနှင်းဆီ
ဗုဒ္ဓဟူး မှာဖဲကြိုးနီနီ
ကြာသာပတေးမှာသူပြုံးပြသည်
နောက်ပြီးတော့ blah blah blah
မင်ကြားဖူးမှာပါ ကျောင်းဒန္တာရီဆိုတဲ့ကဗျာလိုပဲ
ပါးပြင်လေးပေါ်သွေးသွားတဲ့လေပြေလေးနဲ့တောင်မနာလိုတယ်
အဓိပ္ပါယ်မရှိတဲ့စာတွေမကျက်ချင်
မင်းကိုပဲဖက်ချင်တယ်

အချစ်တွေဟာဖြူစင်ခဲ့တယ်
တိမ်တွေလိုအဖြူရောင်လေး
အချစ်ဟာပေးစပ်ခြင်းရယူခြင်းဆိုတာတွေနဲ့ငါမတူအောင်တွေးတယ်
တစ်ခါတစ်လေအချစ်ကသူ့နှုတ်ခမ်းသုတ်လိုက်တဲ့တစ်လျှူးစလေးဖြစ်နေပြီး
တစ်ခါတစ်လေအချစ်က သူကြိုက်တတ်တဲ့ရေခဲမုန့်လေးဖြစ်နေသည်

ကျောင်းပိတ်ရက်တွေမှာဆိုဘာလုပ်နေလဲငါ
သိချင်သည်
မင်းကိုနှောင့်ယှက်ရင်မင်းအမျိုးတွေကလဲအောက်လမ်းနဲ့လုပ်မှာတဲ့
ရှင်သန်ရာဘဝလေးမှာမင်းရဲ့နားနားမှာရှိချင်သည်
ဒါကြောင့်မို့လို့ရက်ရက်စက်စက်ကိုယ့်ရဲ့အပေါ်ကိုမလုပ်ပါနဲ့

မင်းရဲ့ဆန္ဒဆိုတာဟာငါ့အတွက်တော့အမိန့်ပါပဲ
ငါ့အချစ်ဆုံးမင်းရဲ့အမုန်းဆုံးလူဟာ
ငါဖြစ်နေတောင်စိတ်မနာရဲ
မင်းမျက်ဝန်းကိုငေးကြည့်တိုင်းမှာ ရေခဲတောင်တွေအရေပျော်သည်
မင်းဝတ်ထားနဲ့ဖိနပ်နီနီလေးဖြစ်ခွင့်ရရင်သေပျော်ပြီ

နောက်တစ်နေ့ရဲ့အစဟာချစ်တဲ့စိတ်တွေနဲ့စပြန်တယ်
အကြိမ်များစွာတွေ့ဖူးလျက်နဲ့သူမဟာထပ်ပြီးလှပြန်တယ်
ဟောဗျာသူမကလှပြန်ပြီ
မေမေရယ်သူမဘေးမှာဟိုကောင်ပါလာရပြန်ပြီ


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...