lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu လေးဖြူ (lay phyu) – ဝိရောဓိ (wait yaw dih)

Loading...

ဒီအတိုင်းကျိတ်မှိတ်လူးလှိမ့်လို့
မနက်မိုးသောက်မယ့်ည
သက်ပြင်းပင့်သက်ရှိုက်လို့သာ
ကုန်ဆုံးဖို့ကြိုးစား
တစ်ယောက်တည်း စိတ္တဇ အခန်းထဲမှာ

ပြာနှမ်းလွန်းတဲ့ လရိပ်မှာ
ပြန်လွမ်းဆွတ်တမ်းတ
အပ်ကြောင်းအထပ်ထပ် ဇာတ်ထုပ်ကို
တစ်ခေါက်ပြီး တစ်ခေါက်ဖွင့်ကာ
ကြည့်ရင်းငါ့မှာ စိတ္တဇ

ငါ့ စိတ် ပျံ့လွင့်နေတယ် နိမ့်ဆင်းလိုက်
ပြန်မြင့်တတ်လိုက်နဲ့
ငါ့ စိတ် ပျံ့လွင့်နေတယ် မြန်သွားလိုက်
ပြန်နှေးလိုက်နဲ့ စိတ္တဇ

ပြာနှမ်းလွန်းတဲ့ လရိပ်မှာ
ပြန်လွမ်းဆွတ်တမ်းတ
သက်ပြင်းပင့်သက်ရှိုက်လို့သာ
ကုန်ဆုံးဖို့ကြိုးစား
တစ်ယောက်တည်း စိတ္တဇ အခန်းထဲမှာ

ငါ့ စိတ် ပျံ့လွင့်နေတယ် နိမ့်ဆင်းလိုက်
ပြန်မြင့်တတ်လိုက်နဲ့
ငါ့ စိတ် ပျံ့လွင့်နေတယ် မြန်သွားလိုက်
ပြန်နှေးလိုက်နဲ့ စိတ္တဇ
မြင်ကွင်းမှာ ဝေဝါးလိုက်
ပြန်ပြီးကြည်လင်သွားလိုက်
ပေါ့ပါးစွာပျံဝဲလိုက်
ပြန်လေးလံထုံထိုင်းလိုက်နဲ့

မြင်ကွင်းမှာ ဝေဝါးလိုက်
ပြန်ပြီးကြည်လင်သွားလိုက်
ပေါ့ပါးစွာပျံဝဲလိုက်
ပြန်လေးလံထုံထိုင်းလိုက်နဲ့

ငါ့ စိတ် ပျံ့လွင့်နေတယ် နိမ့်ဆင်းလိုက်
မြင့်လိုက်နဲ့

ငါ့ စိတ် ပျံ့လွင့်နေတယ် မြန်သွားလိုက်
နှေးလိုက်နဲ့


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...