lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu လေးဖြူ (lay phyu) – မှန် (hman)

Loading...

[verse 1]
ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့် စကားပြော
ငါ့အရိပ်နဲ့ငါ ဘယ်သူ အမှန်တုန်း
ကောင်းသောညပါ နှုတ်ဆက်သွားတဲ့
မနေ့က မကောင်းမှုတွေအားလုံး
အပေါစားမျက်ရည် တစ်စက်နဲ့လွမ်းတဲ့
ငါ့ရဲ့နှလုံးသားငိုနေတုန်း
အပြစ်တင်ချင်တယ်
လွဲအောင်ရှောင်ဖယ်
ဟန်ဆောင်နေတုန်း
ဟောဒီကမ္ဘာမှာ ငါ့ကိုငါတောင်
ရှာဖွေနေတုန်း

[verse 2]
အနက်ဆုံးတွင်း ဘာလဲဗျ မေးတဲ့
သူဌေးသား မင်းကဒီကိုလာ
အကောင်းဆုံးကား ဘာလဲဗျမေးတဲ့
စားပွဲထိုးလေးရယ် ဆောရီးပါ
အနိမ့်အမြင့် လောကဓံများနဲ့လောက
စိတ်ဓါတ်ကျလို့ မနေနဲ့ဦး
ဟောဒီကမ္ဘာမှာ ငါ့ကိုငါတောင်
ရှာဖွေနေတုန်း
အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ်
ဟန်ဆောင်နေတုန်း

[chorus]
ဟေ့
ဘာမှငါ မရချင်ဘူး ငါ့ဘဝကို ငါ့ကိုပေးပါ
ဘာမှငါ မသိချင်ဘူး ငါ့ဘဝကို တွေ့ခွင့်ပေးပါ
ဘာမှငါ မတောင်းဆိုဘူး
ငါ့ဘဝကို ငါ့ဆီအပ်ပါ
ဘာမှငါ မကြားချင်ဘူး
(မကြားချင်ဘူး)
ငါ့ဘဝရဲ့ အကြောင်းကိုပြောပါ
[post~chorus]
တွေ့ချင်တယ်လေ သိချင်တယ်လေ ကြားချင်တယ်
ကြည့်ချင်တယ်လေ တွေ့ချင်တယ်လေ သိချင်တယ်
တွေ့ချင်တယ်လေ သိချင်တယ်လေ
ငါဘယ်သူတုန်း

[verse 3]
ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့် စကားပြော
ငါ့အရိပ် နဲ့ ငါ ဘယ်သူ အမှန်တုန်း
ကောင်းသောညပါ နှုတ်ဆက်သွားတဲ့
မနေ့က မကောင်းမှုတွေအားလုံး
အနိမ့်အမြင့် လောကဓံများနဲ့လောက
စိတ်ဓါတ်ကျလို့ မနေနဲ့ဦး
ဟောဒီကမ္ဘာ မှာ ငါ့ကိုငါတောင်
ရှာဖွေနေတုန်း
အပြစ်တင်ချင်တယ်
ဟန်ဆောင်နေတုန်း

[chorus]
ဘာမှငါ မရချင်ဘူး ငါ့ဘဝကို ငါ့ကိုပေးပါ
ဘာမှငါ မသိချင်ဘူး ငါ့ဘဝကို တွေ့ခွင့်ပေးပါ
ဘာမှငါ မတောင်းဆိုဘူး
(မတောင်းဆိုဘူး)
ငါ့ဘဝကို ငါ့ဆီအပ်ပါ
ဘာမှငါ မကြားချင်ဘူး
(မကြားချင်ဘူး)
ငါ့ဘဝရဲ့ အကြောင်းကိုပြောပါ
[post~chorus]
တွေ့ချင်တယ်လေ သိချင်တယ်လေ ကြားချင်တယ်
ကြည့်ချင်တယ်လေ တွေ့ချင်တယ်လေ သိချင်တယ်
တွေ့ချင်တယ်လေ သိချင်တယ်လေ
ငါဘယ်သူတုန်း

[outro]
ဘာမှငါ မရချင်ဘူး ငါ့ဘဝကို ငါ့ကိုပေးပါ
ဘာမှငါ မသိချင်ဘူး ငါ့ဘဝကို တွေ့ခွင့်ပေးပါ
ဘာမှငါ မတောင်းဆိုဘူး
ငါ့ဘဝကို ငါ့ဆီအပ်ပါ
ဘာမှငါ မကြားချင်ဘူး


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...