lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu adjustor – myit tar yat won

Loading...

မေတ္တာမျှဝေပေးပါ

ပျော်ရွှင်ပါစေ

ကျန်းမာကြစေ

ဘေးရန်တွေကင်းရှင်းလို့လာဘ်လာဘဝေ

အောင်မြင်ကာတိုးတက်ပါစေ

ပူပန်ခြင်းများနဲ့ဝေးတဲ့ဘဝထဲမှာ

ကျက်သရေရှိစေမင်္ဂလာတွေခြုံလွှမ်းစေ

သာယာကြည်လင်တာတွေမျက်မှောက်ပြုနိုင်စေ

အမြဲမေတ္တာပို့မယ်လူတိုင်းချမ်းမြေ့ကြပါစေ

အပြစ်ဖို့နေတာတွေရပ်ပစ်လိုက်ပါ

နောင်ရေးကောင်းဖို့အဖြေကို ရှာရင်းမှာ
ဘဝရဲ့ဖွင့်ဆိုချက်တွေကထွေပြားနေရတဲ့ကြားမှာ

ရောင်စုံဒုက္ခများလည်ပင်းဖက်ပီး

ရင်းနှီးကျွမ်းဝင်ဖူးတဲ့ လူသား

ငါရင်မှာလေစာနာတတ်ပီ

ဟန်ဆောင်ကာပြုံးကြတဲ့

မျက်ဝန်းများရဲ့အထဲမှာ

နေ့စဉ်သာရုံးထွက်မရပြီ

မျှော်နေပါသည်အိမ်ပြန်မယ့်လမ်း

မိသားစုအသိုက်အမြုံလေး

လန်းဆန်းရွှင်လန်းပြည့်စုံရေးအတွက်

စိုပြေဖို့ချွေးစက်တို့နဲ့ရင်းခဲ့သူ

ဖြူစင်စွာပေးဆပ်ခဲ့ကြလေသူတွေ

ငြိမ်းချမ်းစေကြောင်းလို့မေတ္တာတွေပို့သလို့ပေးပါမယ်
တွေးဆလိုက်တဲ့အကြံအစည်တွေ

လက်တွေ့မှာထွန်းပေါက်ကြဖို့ရွယ်

ပျော်ရွှင်ပါစေ

ကျန်းမာကြစေ

ဘေးရန်တွေကင်းရှင်းလို့လာဘ်လာဘဝေ

အောင်မြင်ကာတိုးတက်ပါစေ

ပူပန်ခြင်းများနဲ့ဝေးတဲ့ဘဝထဲမှာ

ကျက်သရေရှိစေမင်္ဂလာတွေခြုံလွှမ်းစေ

သာယာကြည်လင်တာတွေမျက်မှောက်ပြုနိုင်စေ

အမြဲမေတ္တာပို့မယ်လူတိုင်းချမ်းမြေ့ကြပါစေ

ရန်သူတဲ့လားဘယ်လိုစကားမျိုးလဲ
ဘယ်လိုများပိုင်းခြားပြီးပညက်တာလည်း

ရင်ထဲမှာမကောင်းတဲ့အစွဲတွေ

တာရှည်ကိန်းအောင်းသွားရင် ခက်မယ်နော်

ဆက်ပြီးအနာဂတ်နေ့ရက်များစီ

အဆိပ်တွေရယ်ကူးစက်မလာဖို့

oh.. nononono

ပြန်လည်ပြင်ဆင်သုံးသပ်ကြပါစို့

တို့ချစ်တဲ့ကမ္ဘာကြီးပြုံးပန်းဝေဖို့

ချစ်တဲ့အမြင်ခင်မင်သောနှလုံးသားတို့ရယ်

လက်တစ်ဖက်ကမ်းလင့်လိုက်မယ်

ဆီးလို့ကြိုနော်ပွေ့ဖက်ပေးပါ

ချစ်ခြင်းများမျှဝေရင်းနဲ့ကျေးဇူးတင်မယ်

ဒီရပ်ဝန်းလေးထဲဝယ်လူသားအဖြစ်နဲ့

ညီနောင်သွေးရင်းစိတ်နဲ့ဆိုမယ်

အေးချမ်းဖို့မေတ္တာတွေပို့သလိုက်တယ်

ပျော်ရွှင်ပါစေ

ကျန်းမာကြစေ

ဘေးရန်တွေကင်းရှင်းလို့လာဘ်လာဘဝေ

အောင်မြင်ကာတိုးတက်ပါစေ

ပူပန်ခြင်းများနဲ့ဝေးတဲ့ဘဝထဲမှာ

ကျက်သရေရှိစေမင်္ဂလာတွေခြုံလွှမ်းစေ

သာယာကြည်လင်တာတွေမျက်မှောက်ပြုနိုင်စေ

အမြဲမေတ္တာပို့မယ်လူတိုင်းချမ်းမြေ့ကြပါစေ

ချစ်တဲ့စိတ်နဲ့ယုံကြည်ပါတယ်ကွာ

မကောင်းတဲ့လမ်းကိုမပြပါမင်းတို့ရဲ့ဘာသာ

ကိုယ်ချင်းစာတရားအမြဲလက်ကိုင်ထားမယ့်

ဟောဒီလူ့ဘောင်ဘဝမှာ

ဆုတောင်းတွေပြည့်မပြည့်တော့မသိချင်ပါ

တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါ

အားနည်းသူတို့ဘက်မှာရှိပါ

ပီတိတွေနှလုံးသားမှာသိမ်းစေချင်လို့ပါ

မေတ္တာမျှဝေပေးပါ

လူတိုင်းအတွက်မေတ္တာတွေပို့သနေပါ

မေတ္တာမျှဝေပေးပါ

လူသားတိုင်းမေတ္တာများပို့သလိုက်ပါ

မေတ္တာမျှဝေပေးပါ

လူတိုင်းအတွက်မေတ္တာတွေပို့သနေပါ

မေတ္တာမျှဝေပေးပါ

လူသားတိုင်းမေတ္တာတွေပို့သလိုက်ပါ

မေတ္တာမျှဝေပေးပါ

လူတိုင်းအတွက်မေတ္တာတွေပို့သနေပါ

လူသားတိုင်းမေတ္တာတွေပို့သလိုက်ပါ

ကျက်သရေရှိစေ မင်္ဂလာတွေခြုမ်းလွှမ်းစေ

သာယာကြည်လင်တာတွေမျက်မှောက်ပြုနိုင်စေ

အမြဲမေတ္တာပို့မယ်လူတိုင်းချမ်းမြေ့ကြပါစေ


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...