lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu adjustor – amhat taya nway

Loading...

အတွေးထဲရောက်လာခဲ့တယ်
ဒီလို နွေဦးနေ့တွေ
သစ်ရွက်ခြောက်တွေကြားမှာ
ခြေသံလေးတွေ
ပြန်ကြားမိလိုက်ရသလို
အရည်ပျော်သွားချင်မိတယ်
ဒီဒဏ်ရာလေးမင်းပေးခဲ့တယ်
ဒီနေရာလေးမှာ အဓိပ္ပါယ်တွေနဲ့
ဘာကို ဆုံရှုံးသွားတယ်
မပြောပြတတ်ပါ
လေဟာနယ်မှာ အတ္တများနဲ့
အတိတ်တွေဆီ ပြေးသွားနေတဲ့
အတွေးရထားလေးတစ်စင်းခုတ်မောင်းနေဆဲ
သာယာကြည်နူး မူးယစ်နေဦးမယ့်
ငါစိတ်ကူးများထဲကကမနိုးနိုင်ခဲ့ဘူး
စွဲလမ်းမှုရဲ့ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ်ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးနဲ့
ယဥ်ယဥ်လေးငါရူးခဲ့သူပေါ့
မင်းအတွက်ဖွင့်ခဲ့တဲ့တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာနင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်ဟာ အရင်လို
ဆိုးတူကောင်းတူ ဘဝကို
မျှဝေဖြတ်သန်းချိန်
ဝင်ရောက်လာခဲ့
မင်းဘက်ကအကြောင်းပြချက်လေးတွေ
ချစ်တဲ့စိတ်နဲ့မျက်စိစုံမှိတ်ကာ
ယုံထားမိ
ဒီလိုနဲ့ဝေးကြဖို့အထိဆိုတာမသိ
ပုစ္ဆာရှိနေလည်း အဖြေမဲ့နေခဲ့ခြင်းရယ်
ရှေ့ဆက်ဖို့ရာ မဖြစ်တော့ပြီ
လမ်းခွဲမယ် ဖွင့်ဟတဲ့အချိန်
နင်ကျေနပ်ပါစေ
အတွေးတွေ နဲ့ငါ နှုတ်ဆိတ်လို့
မငြင်းရက်ခဲ့ဘူးလေ
စွဲလမ်းမှုရဲ့ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ်ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးနဲ့
ယဥ်ယဥ်လေးငါရူးခဲ့သူပေါ့
မင်းအတွက်ဖွင့်ခဲ့တဲ့တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာနင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်ဟာ
အမှတ်တရဆိုတာ
ဖြတ်မရတဲ့ကြိုးမို့
နက်ရှိုင်းစွာငြိတွယ်ဖူးခဲ့တယ်
နှုတ်ခမ်းထက်အနမ်းတွေကို
တစ်သက် မက သိမ်းချင်တယ်
ပြောတဲ့မင်းကို တမ်းတလို့မျှော်ဦးမယ်
အေးစက်နေတဲ့ မင်းလက်တွေနဲ့
စိမ်းကားတဲ့အကြည့်တို့ကြား
မျက်ဝန်းတွေကျရှုံးခဲ့
စွဲလမ်းမှုရဲ့ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ်ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးနဲ့
ယဥ်ယဥ်လေးငါရူးခဲ့သူပေါ့
မင်းအတွက်ဖွင့်ခဲ့တဲ့တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာနင်လွှတ်ချခဲ့တဲ့လက်တစ်ဖက်ဟာ
အရင်လို
စွဲလမ်းမှုရဲ့ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ်ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများ နဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေးနဲ့
ယဥ်ယဥ်လေးငါရူးခဲ့သူပေါ့
မင်းအတွက်ဖွင့်ခဲ့တဲ့တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာနင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်က
အရင်အတိုင်း


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...